စွယ်တော်ရိပ်သို့အလွမ်းပြေ - စက်မှုတက္ကသိုလ်ကျောင်းသားအဖွဲ့
စွယ်တော်ရိပ်သို့အလွမ်းပြေ
ရေးသူ......စက်မှုတက္ကသိုလ်ကျောင်းသားများအဖွဲ့.
ဒီစာအုပ်ထဲက ကဗျာတွေဟာ ကဗျာရေးခါစ (၁၉၆၉ - ၁၉၇၀) စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ကဗျာလေးတွေပါရှင်။
ပုံပြင်မဟုတ်ပါ
.................
နေခြည်အဖွင့် ၊ လေအသင့်မှာ
လန်းစွင့်နေသည့် ကံ့ကော်ပွင့်။
နေခြည်ညှိုး၍ ၊ မိုးသားမိုးခဲ
ထူထဲပြည့်ညှပ် ၊ ထပ်ထပ်ထစ်ချုန်း
ပြုန်းပြုန်းပြက်ပြက် ၊
မိုးသက်မုန်တိုင်း ကျပြီးသော်။
ဖြူစင်လန်းဆန်း
ကံ့ကော်ပန်းသည် ၊ စိန်ပန်းပွင့်နီ
ပြောင်းသွားသည်ကို ၊ မျက်ရည်သွယ်ကျ
ရင်ဖို့လှစွာ ၊ မြင်လိုက်ရစဉ် ၊
ကြမ်းတမ်းမဲပြာ ၊ ပုဝါကိုသုံး
မျက်လုံးစုံကို ၊ ဗြုန်းဆိုချက်ချင်း
အတင်းပိတ်လိုက် ၊ ထိုအခိုက်မှာ
မူးမိုက်ဝေဖြာ
ကမ္ဘာအမှောင်ဖုံးသွားသည်။
။
(အမည်ရင်း။ ။ ကိုသန်းအောင်၊စက်မှုအင်ဂျီနီယာ)
ကဗျာများစွာပါဝင်သော စာအုပ်လေးကိုဖတ်ရှု့ခံစားကြည့်လိုက်ရအောင်လားရှင်။
ဒီမှာDownloadပါ
စွယ်တော်ရိပ်သို့အလွမ်းပြေ - စက်မှုတက္ကသိုလ်ကျောင်းသားအဖွဲ့
Reviewed by Unknown
on
Wednesday, March 16, 2016
Rating:
No comments