ကလေးသူငယ်ပြုစုပျိုးထောင်နည်း - Dr. Tin Mg Htway
ပရိတ်သတ်များရှင်
အမေရိကန်နိုင်ငံ.ဟားဗတ်ဆေးတက္ကသိုလ်နှင့် ဘော့စ်တွန်ကလေးဆေးရုံကြီးမှ Judith Palfrey, ဂျူတက္ကသိုလ်.ဆေးပညာဌာနမှ Samuel L.Kazt, စတန်းဖို့ဆေးတက္ကသိုလ်မှ Irving Schulman, နယူးယောက်ဆေးရုံနှင့် ကော်နဲတက္ကသိုလ်ဆေးကောလိပ်မှ Moria I. New, ၎င်းတို့ လေးဦးသည် အောင်မြင်ပြီးသော ကလေးအထူးကုဆရာဝန်ကြီးများဖြစ်ကြပြီးနောက်...အမေရိကန်နိုင်ငံ.HYPERION စာအုပ်တိုက်တွင် မှတစ်ဆင့် The Disney Encyclopedia of Baby and Child Care အမည်ရှိစာအုပ်ကို ရေးသားပြုစုခဲ့ကြပါတယ်။ ၎င်းစာအုပ်တွင်:::: (က) မွေးကင်းစနှင့် ကလေးငယ်များ၏ဖွံဖြိုးတိုးတက်မှု့ ၊ (ခ) ကလေးသူငယ်များရှေးဦးသူနာပြုစုခြင်း၊ (ဂ) ကလေးများတွင်အဖြစ်များသောရောဂါဝေဒနာခံစားရမှု့  များ .(ဃ) ကလေးကျန်းမာရေးနှင့်ရောဂါများအတွက် ဟူ၍ အပိုင်းလေးပိုင်းဖြင့်ဖွဲ့စည်းထားခဲ့ပါတယ်ရှင်။ ယခုဖော်ပြပါစာအုပ်လေးသည် အပိုင်း(က)ဖြစ်သော.မွေးကင်းစနှင့်ကလေးငယ်များ၏ဖွံဖြိုးတိုးတက်မှု့  Infant and child Development ကိုဘာသာပြန်ဆိုထားပြီး မွေးစမှ ၆ နှစ်အရွယ်တိုင်အောင် ပြုစုယုယနည်းများရေးသားပေးထားပါတယ်ရှင်။ ဆရာဝန်ကြီးများသည် သိပ္ပံနည်းကျအကြာင်းအရာများကို တင်ဆက်ထားသော်လည်း အရေးအသားများသည် သာမာန်စာဖတ်ပရိတ်သတ်များပါ ဖတ်ရှု့ လက်ခံနိုင်စေရန် ဖွဲ့ဆိုထားခဲ့သည်မို့ ရင်သွေးငယ်လေးများကို စောင့်ရှောက်ပေးရန် မိခင်လောင်းများနှင့်တကွ အားလုံးသော ပရိတ်သတ်များက သုတရဖို့ လေ့လာသင့်ပါကြောင်း တိုက်တွန်းပါရစေလားရှင်။
Download Here
ကလေးသူငယ်ပြုစုပျိုးထောင်နည်း - Dr. Tin Mg Htway
Reviewed by သိမ့်သိမ့်
on
Friday, January 29, 2016
Rating:
ကလေးသူငယ်ပြုစုပျိုးထောင်နည်းက.လင့်သေနေလို့ပါဗျ.ပြန်လုပ်ပေးစေချင်ပါတယ်
ReplyDelete