အမှောင်ကြားကဗမာပြည် - ဝင်းတင့်ထွန်း
အမှောင်ကြားကဗမာပြည်
ရေးသူ......ဝင်းတင့်ထွန်း
၂၀ ရာစု ဗမာပြည်သမိုင်းကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် .....
* ၁၉၀၁ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိဟာ ကိုလိုနီခေတ်ဗမာပြည်သမိုင်း၊
* ၁၉၄၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိဟာ လွတ်လပ်ရေးကြေညာပြီးခေတ် ဗမာပြည်သမိုင်း၊ တနည်းအားဖြင့် မျောက်မှောက်ခေတ် အနီးခေတ် ဗမာပြည်သမိုင်းလို့ ပြောရပါလိမ့်မယ်။
ကိုလိုနီခေတ် ဗမာပြည်သမိုင်းဟာ " ကျွန်ခေတ်ဗမာပြည်သမိုင်း " လို့ပဲထပ်ဆင့်ဖွင့်ဆိုရမှာဖြစ်ပါတယ်။
ယခုဖော်ပြမယ့် သမိုင်းဟာ " အမှောင်ခေတ်ဗမာပြည်သမိုင်း " ဖြစ်ပါတယ်။ အမှောင်ခေတ်ဗမာပြည်သမိုင်းဟာ အမှောင်ထဲကဗမာပြည်အကြောင်းပဲဖြစ်ပါတယ်။ အမှောင်ခေတ် ဗမာပြည်သမိုင်းကို ပြန်လည်ကြည့်လိုက်တဲ့အခါ_
. ဗမာပြည်လွတ်လပ်ရေးကို စတင်ကြေညာလိုက်တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ ဖဆပလ (၁၀) နှစ် ဆယ်မိုးခေတ်။
. ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ အထိ အိမ်စောင့်အစိုးရ စစ်အစိုးရခေတ်၊
. ၁၉၆၀ ကနေ ၁၉၆၂ အထိ ပထစခေတ်၊
. ၁၉၆၂ ကနေ ၁၉၈၈ အထိ မဆလ စစ်အစိုးရခေတ် ၊
. ၁၉၈၈ ခုနှစ်ကနေ ၂၀၀၀ ပြည့်အထိ နဝတ ၊ နအဖခေတ် ၊ ဒီခေတ်တွေကို ထပ်ပြီးချုပ်ကြည့်လိုက်ရင်
. ဖဆပလခေတ်နဲ့ ပထစခေတ်က ပါလီမန်ဒီမိုကရေစီခေတ်၊
. မဆပလခေတ်နဲ့ နဝတ၊ နအဖခေတ်က စစ်အာဏာရှင်စနစ်ခေတ်ဆိုတာကိုပဲ တွေ့ရလိမ့်မယ်။
ပါလီမန်ဒီမိုကရေစီခေတ်ကြီးအောက်မှာ မှောင်နဲ့မဲမဲဖြစ်ခဲ့ရတဲ့ ဗမာပြည်ဟာ စစ်အာဏာရှင်စနစ်ခေတ်အောက်မှာ ပိန်းပိတ်အောင်မှောင်တဲ့ဘဝ ကျရောက်ခဲ့ရပါတယ်။
စစ်အာဏာရှင်စနစ် အမှောင်အောက်မှာ ဗမာပြည်ကြီးဟာ အဆင်းရဲဆုံး၊အငတ်ပြတ်ဆုံး၊ရုပ်အဆိုးဆုံး၊ အနာကျင်ရဆုံးဖြစ်ခဲ့ပါတယ်။ အမှောင်ဆုံးဖြစ်သလို အရှည်ကြာဆုံးလည်းဖြစ်ခဲ့ပါတယ်။ဖြစ်နေပါတယ်။
ဗမာပြည် ပြည်သူများရဲ့ ညည်းညူသံ၊ ငိုကြွေးသံ၊ အံကြိတ်သံ၊ တက်ခေါက်သံ၊ ရုန်းကန်သံ၊ လှုပ်ရှားသံတွေဟာလည်း တရံမလပ် ကြားနေရပါတယ်။ စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့အရစာ ဗမာပြည် ပြည်သူများ မခံစားရသေးပါ။ အေးမြတဲ့ ငြိမ်းချမ်းရေးအစစ်ရဲ့ ရသ ဗမာပြည် ပြည်သူများ မထိတွေ့ရသေးပါ။တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့စစ်မှန်တဲ့အမျိုးသားသွေးစည်းညီညွှတ်ရေး မတည်ဆောက်နိုင်သေးပါ။ ဘာကြောင့်လဲ၊ဘယ်လိုလဲ၊ဘာတွေဖြစ်ခဲ့ကြသလဲ....
မှန်မှန်ကန်ကန် ပြန်လည်ကြည့်မြင်ကြဖို့ သုံးသပ်ကြဖို့လိုပါလိမ့်မယ်။ အတိတ်ကိုပြန်ကြည့်တာဟာ သမိုင်းကို ပြန်ကြည့်တာဖြစ်ပါတယ်။ သမိုင်းကိုပြန်ကြည့်လိုက်တဲ့အခါ..............................
ဒီမှာDownloadပါ
အမှောင်ကြားကဗမာပြည် - ဝင်းတင့်ထွန်း
Reviewed by Unknown
on
Friday, January 29, 2016
Rating:
No comments