နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် - အတ္တကျော်
ဟိုး. . .ရှေးရှေးတုန်းပေါ့
အလွန်စိတ်တို စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့
တစ်နေ့မှာတော့ ဖခင်ဖြစ်တဲ့သူက သားဖြစ်သူကို စိတ်တစ်ခါတိုတိုင်း
အိမ်နောက်ဘက်ဝင်းထရံတိုင်မှာ သံတစ်ချောင်းသွားရိုက်ဖို့စေခိုင်းလိုက်ပါသတဲ့ ။
ဒီလိုနဲ့ ကောင်လေးက သံပေါင်း ၃၇ ချောင်းတိတိကိုရိုက်ခဲ့ပြီးတဲ့
အချိန်မှာ တဖြေးဖြေး ဒေါသစိတ်တွေ လျော့ပါးလာပါတယ် ။ ဒီလိုဒေါသစိတ်တွေ လျော့ပါးလာတာကို ဖခင်ဖြစ်သူကိုပြောပြတဲ့အခါမှာ ဖခင်ဖြစ်သူက ပြန်လည်စေခိုင်းလိုက်ပါတယ်။ တစ်နေ့လုံးမှာ ဒေါသမထွက်ဘဲနေနိုင်ရင် သံတစ်ချောင်းပြန်နှုတ်ပါတဲ့။ ကောင်လေးလည်း ဒေါသစိတ်တွေ ကို ထိန်းရင်းသံတွေကိုပြန်နှုတ်ရာမှ သံချောင်းလေးတွေအားလုံး ကုန်သွားပါသတဲ့။ အဲ့ဒိအခါမှာ ကောင်လေးလည်း သံချောင်းလေးတွေကုန်စင်သွားကြောင်း ဖခင်ဖြစ်သူကိုပြောပြသတဲ့။ ဒီအခါမှာတော့ ဖခင်ဖြစ်သူက သားဖြစ်သူကို ခေါ်သွား၍ဝင်းထရံတိုင်ကို ကြည့်စေပြီးဆုံးမပါတော့တယ်
* သားက စိတ်တိုတိုနဲ့ ပြောချလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်သား
ရင်ထဲမှာ ဝင်းထရံတိုင်လိုပဲ အမာရွတ်တွေ ကျန်ခဲ့တာပေါ့ကွယ် * တဲ့
မစဉ်းစားမထင်မှတ်မိပဲရုတ်တရက်ပြောထွက်သွားတဲ့ စကားလုံးတွေက တဖက်သားရင်ထဲ အနာတရလို မှတ်စွဲသွားတတ်ပါတယ်ဆိုတာကို
တစ်စုံတစ်ယောက်သောသူနှင့်တကွ ပရိတ်သတ်များမှ ဆင်ခြင်နိုင်ပါစေလို့ . . . . .. .ဒီလိုဆုံးမ ဥပမာပေး ဝတ္ထုတိုလေးများစွာကို ဖတ်ရှု့ ရင်း နေပျော်သာယာသောဘဝတစ်ခုဖန်တီးကာ စိတ်ဘဝင်မှာကြည်ရွှင်စွာဖြင့် ဘဝကို လှပစွာဖန်တီးယူနိုင်စေဖို့. အတ္တကျော်ရဲ့ " နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် " ကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်
ဒီမှာ DOWNLOAD ရယူပါရှင်
နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် - အတ္တကျော်
Reviewed by သိမ့်သိမ့်
on
Saturday, August 15, 2015
Rating:
![နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် - အတ္တကျော်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7vi9ZOWl4CpDQcma3zCwKQqnDQTe1gcSpMrzUS240NYrL7Mjvv7fvYh9saxLwA3BRwbq40G2OtFG2y4zi8tDB4yJoF4oxrp5zJUvNqtaFOoGHx_EljhvmkENtNNFfI1ncFBi4SJgVcQ/s72-c/Screenshot_2015-08-13-19-27-21.jpeg)
No comments